MNP - ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေး ဖွံ့ဖြိုးစေရေး အတွက်နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ပထမဆုံး အကြိမ်ပြုလုပ်သောအစည်း အဝေးဖြစ်ကြောင်း နိုင်ငံတော်ကဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်တိုင်းဒေသကြီးအတွက် မတည်ထောက်ပံ့ငွေ (၈)ဘီလီယံ ရရှိကြောင်း၊နိုင်ငံတော်က တနင်္သာ ရီတိုင်းဒေသကြီးအတွက် သီခြားထောက်ပံ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးတွင် အရင်းမပျောက်အောင် အမြဲ တမ်းရှိနေရမည်ဖြစ်ကြောင်း၊လုပ်ငန်းများအကောင်အထည်ဖော်ရာတွင်ငွေကြေးများသုံးစွဲရာ၌စနစ် တကျအံ့ဝင်ဂွင်ကျဖြစ်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မျှမျှတတဖြင့် အကျိုးရှိအောင်သုံးစွဲလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဆန်စပါးဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သည့် လယ်ယာသုံးပစ္စည်းများ၊ ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် စသည့်တို့လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၌မြေသြဇာများကိုလည်း ဒေသထွက်ကုန်များဖြင့်စမ်းသပ် ထုတ်လုပ်သွားမည်ဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းပါက တောင်သူလယ်သမားများ၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ကိုင် ဆောင်ရွက်နေသူများလုပ်ငန်း ဆောင်ရွက်ရာတွင်အဆင်ပြေလာမှာကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့က နည်းပညာနှင့်ငွေကြေးများထောက်ပံ့ပေးချင်သော ဆန္ဒရှိကြောင်း၊ တက်ရောက်လာသူများအနေဖြင့်ငွေကြေးများ သုံးစွဲရန်အတွက် နိုင်ငံတော်ကညွှန်ကြားထားသောဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကိုသိရှိနားလည်စေရန်အတွက် ခေါ်ယူတွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တို င်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးခင်မောင်ချိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များ အပေါ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment