နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာသံရုံး မှ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများနှင့်တွေ့ဆုံ၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်သို့ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာသံရုံး မှ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများနှင့်တွေ့ဆုံ၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်သို့ သွားရောက်လေ့လာ







MNP ၊ ဩဂုတ် ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန်နေ့လယ် ၁၂ နာရီ ၅၅ မိနစ် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသားများ အတွက် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် ဇနီး၊ သံရုံး၊ စစ်သံရုံး တို့မှ တာဝန်ရှိသူများ၊ သင်တန်းသားများက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီး တို့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို သံရုံး၊ စစ်သံရုံး မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် အတနာမီကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ရှိ ရွှေစည်းခုံ(ပုံတူ)စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး အတနာမီကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)