လူရမ်းကား မိုက်ကယ်ကျော်မြင့်နှင့် နစက ၏ UEC ဘာလဲ ဘယ်လဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူရမ်းကား မိုက်ကယ်ကျော်မြင့်နှင့် နစက ၏ UEC ဘာလဲ ဘယ်လဲ



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရဲ့ တရားဝင် web စာမျက်နှာမှာ ဖော်ပြထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီစာရင်းမှာ အမှတ်စဉ် (၇၈) အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ (YDP) ဆိုတာကို တွေ့ရပါတယ်။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ရဲ့ ဥက္ကဋ္ဌ နေရာမှာတော့ ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့် လို့ တွေ့ရပါတယ်။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ရဲ့ ဥက္ကဋ္ဌ ဆိုတာ အခုရက်ပိုင်းအတွင်း သူ့ရဲ့ facebook လူမှုကွန်ရက် စာမျက်နှာကနေ ဆဲဆိုရမ်းကားမှုတွေ လုပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ ကျော်မြင့် ရဲ့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုရမ်းကားမှုတွေ ပြုလုပ်ခဲ့တဲ့ အကြောင်းကို မပြောမီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ဥပဒေပုဒ်မ တချို့ကို ပြဆိုလိုပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၆) မှာ "အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက်ကို ပုဒ်မ ၅အရ လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည် -

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ခ) တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊

(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး၊

(င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရေး၊

(စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး။


အထက်ပါဖော်ပြချက်ကတော့ နိုင်ငံရေးပါတစ်ရပ် ထူထောင်ပြီး ဆိုကတည်းက ဒီအချက်တွေကို လိုက်နာပါ့မယ်လို့ ဝန်ခံထားပြီးမှသာ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် မှတ်ပုံတင်ခွင့် ပြုပေးထားခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီး နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့် ဟာ ဒီအချက်တွေကို လေးစားလိုက်နာနေသလား၊ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအပေါ်မှာ ဆဲဆိုရမ်းကားနေသလား ဆိုတာကို မိုက်ကယ်ကျော်မြင့် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တိုက်ရိုက် (Live) ထုတ်လွှင့် ပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်းထဲက ထုတ်နှုတ်ပြီး ပြဆိုသွားပါမယ်။ 

(မှတ်ချက် - Myanmar National Post သတင်းအေဂျင်စီတွင် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ ကျော်မြင့် က ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုစော်ကားခဲ့သော ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)


မိုက်ကယ်ကျော်မြင့် က သူ့ရဲ့ facebook လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်(Live) ထုတ်လွှင့်ပြီး ပြောဆိုထားတဲ့ ရုပ်သံဖိုင် မှာ -

"ခင်ဗျားတို့ ဒီအစိုးရက ဟန် ခင်ဗျားတို့ ဒီအစိုးရအာဏာကို ရဖို့အတွက် တမင်တကာ လုပ်ယူခဲ့ရတဲ့ အစိုးရလား။ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ အစိုးရလား။ အာဏာကို ပေးပါလို့ တောင်းခဲ့ရတဲ့ အစိုးရလား။ ပြောစမ်းပါအုံး ခင်ဗျားတို့က။ ဒီအစိုးရက ဘာအစိုးရလဲ။ ဘယ်လိုအစိုးရမျိုးလဲ၊ ဒီအစိုးရက။ ဒီလက်ရှိ နစက အစိုးရက ခင်ဗျားတို့ကြောင့် အာဏာရခဲ့တာလား။ ဟန် ခင်ဗျားတို့ကောင်းလို့ အာဏာရခဲ့တာလား။ ခင်ဗျားတို့နဲ့ ပေါင်းပြီး အာဏာသိမ်းခဲ့တာလား။ ဒီနိုင်ငံတော်အစိုးရအာဏာကို။ ဟန် ပြောစမ်းပါအုံး။ ဘယ်သူတွေနဲ့ ပေါင်းပြီးတော့ ဒီနစက အစိုးရက အာဏာရဖို့အတွက် လုပ်ခဲ့လို့လဲ။ ဟန် ဘယ်ကောင်တွေကို အားကိုးခဲ့လဲ။ ဘယ်သူတွေကို ပူးပေါင်းပြီးတော့ အာဏာသိမ်းခဲ့လို့လဲ။ ခင်ဗျားတို့က ပြောပြောနေရအောင် အာဏာရဖို့အတွက် ငါတို့က ဘယ်လိုထောက်ခံခဲ့တာ။ အခုကြတော့ ဒုက္ခရောက်နေပြီ။ လီးမှ မထောက်ခံတော့ဘူး။ ဘာတို့ ညာတို့ ခင်ဗျားတို့က လိုင်းပေါ်တက်ပြောနေရအောင် ဒီနစက အစိုးရ အာဏာရဖို့ ခင်ဗျားတို့က ဘာတွေ လုပ်ပေးခဲ့ရလို့လဲ။ ဟန် ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး အစိုးရက ဘာတွေလုပ်ခဲ့လို့လဲ။ ပြောစမ်းပါအုံး ခင်ဗျားတို့ ပြောနေရအောင်။ ခင်ဗျားတို့ တစ်နိုင်ငံလုံးကို ကျုပ်မေးနေတာဗျာ။ အဲဒီစကား။"

"ကြည့်ကြည်နေတယ်။ မသိရင် ခင်ဗျားတို့ တင်မြှောက်ထားတဲ့ အစိုးရ။ လီးကို လာပြော၊ ဘယ်ကောင်တင်ပေးထားတာလဲ ဒီအစိုးရကို ပြောစမ်းပါအုံး။ ဘယ်ကောင်လဲ ခင်ဗျားတို့ အကုန်တစ်နိုင်ငံလုံးကို ကျုပ်စိန်ခေါ်တယ်။ ငါတို့ တင်မြှောက်ထားပါတယ်။ တပ်မတော်စိုးရကို။ လီးကို လာပြော။ ကျုပ်က ပေါက်တယ် ခင်ဗျားတို့။ ဘာလဲ နောက်မထောက်ခံတော့ဘူး။ ဟုတ်လား။ နောက်တစ်ခါ ဘာဖြစ်တယ်တို့ ညာဖြစ်တယ်တို့ တပ်မတော်ကို ကျွန်တော်တို့က ပုခုံးထမ်းပြီး ဘယ်လိုလုပ် လီးကိုလာပြော။ မင်းမေလိုးလား။ မင်းတို့ကောင်တွေ အကုန်လုံး တစ်တိုင်းပြည်လုံးမှာ ရှိသမျှ နိုင်ငံသားမှန်သမျှ အားလုံးကို ကယ်တင်ထားရတဲ့ အစိုးရ။"

"မှတ်မိသေးလား မင်းတို့။ တပ်မတော်မှတပါး အခြားမရှိတော့ပါဘူး။ ဘယ်အဖေခေါ်ရမှန်းမသိတော့ပါဘူး။ ဘယ်မအေလိုးတွေပြောခဲ့တာလဲ အဲဒီစကားတွေ။ ကျွန်တော်တို့က ကူရာကယ်ရာမဲ့နေပါပြီ။ NLD အစိုးရရဲ့ အမျိုးဖျက်ခြင်း၊ တိုင်းပြည်ဖျက်ခြင်း၊ အမျိုးသားလုံခြုံရေးကို ဖျက်ဆီးခြင်းခံနေရပါပြီ။ ကယ်မဲ့သူ မရှိတော့ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ အဖေခေါ်ရမယ်မှန်း မသိတော့ပါဘူးလို့ ဘယ်မအေလိုးတွေ ပြောခဲ့တာလဲ ပြောစမ်း။"

"မင်းတို့ စောက်ကြီး စောက်ကျယ်နဲ့ ပုခုံးထမ်းတင်ပေးခဲ့ရတာတို့ လီးကိုလာပြော။ ငါလည်း နိုင်ငံသားပဲ ဟေ့ကောင်၊ ပါတီဥက္ကဋ္ဌ ဘာညာ ထား တစ်ကဏ္ဍ၊ ငါ့ကို ဘယ်ကောင်မှ ခိုင်းခဲ့တာမဟုတ်ဘူး။ တပ်မတော်ကို ကူညီပေးဖို့ ကယ်တင်ပေးဖို့ တောင်းဆိုတဲ့နေရာမှာ။ တပ်မတော်အာဏာသိမ်းဖို့ တောင်းဆိုတဲ့အထဲမှာ ငါလည်း ရှေ့ဆုံးက ပါခဲ့တယ်။ ငါ့ရှေ့မှာတောင် လူသိပ်မရှိနိုင်ဘူး။ ရေကြည့် မင်းတို့။ တစ်တိုင်းပြည်လုံး အသိ၊ တစ်ကမ္ဘာလုံး အသိကွာ။ မိုက်ကယ်ကျော်မြင့် ဘာကောင် ဆိုတာ။ ဒါပေမယ့် မင်းတို့ ငါပြောချင်တာက ဖြစ်စဉ်အမှန်က ပျက်စီးနေတဲ့ တိုင်းပြည်ကို မဲလိမ်မဲခိုး အစိုးရကို တိုင်းပြည်ဂုဏ်သိက္ခာ ရွေးကောက်ပွဲ သိက္ခာတွေအရ ကယ်တင်ပေးပါဆိုပြီးတော့ ငါတို့တစ်တိုင်းပြည်လုံးက တပ်မတော်အပေါ်မှာ ငါတို့ တောင်းပန်ပြီးတော့ တောင်းဆိုခဲ့ရတာ မဟုတ်ဘူးလား။ ဟန် ဆရာတော်ကြီးတွေက အစ အသိကွာ။ ပြောချင်တာ။ အဲဒီအချိန် အဲဒီကာလ တစ်တိုင်းပြည်လုံးရဲ့ ရင်ထဲမှာ NLD အစိုးရ ပြုတ်ကျရေးက လွဲလို့ ဘာမှ မရှိဘူး။ တပ်မတော်အပေါ်မှာ ကယ်ပါ ကယ်ပါ ကယ်ပါ နဲ့ အကြိမ်ကြိမ် တောင်းဆိုခဲ့ရတာ။ မဟုတ်ဘူးလား။ ဒါ အမှန်တရား မဟုတ်ဘူးလား။ မင်းမေလိုး။ တပ်မတော် အာဏာရဖို့ ငါတို့က ပုခုံးထမ်းပေးခဲ့ရတာ လီးကို လာပြော။ စောက်ဆင့်မရှိတဲ့ကောင်တွေ မင်းတို့"

(အထက်ပါ ပြောကြားချက်များသည် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ ဆိုသူ မိုက်ကယ်ကျော်မြင့်က တစ်နိုင်ငံလုံးရှိ ပြည်သူများကို စိန်ခေါ်ပြီး တပ်မတော်ကို ဖား၍ ပြည်သူတစ်ရပ်လုံးကို စော်ကားပြောဆိုထားသော ရုပ်သံဖိုင် မှတ်တမ်းမှ ထုတ်နှုတ်ပြဆိုခြင်း ဖြစ်ပါသည်။)

အဆိုပါ ရုပ်သံဖိုင် တက်လာပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် လူရမ်းကား ပါတီဥက္ကဋ္ဌ မိုက်ကယ် ကျော်မြင့်အပေါ် မည်သို့ အရေးယူဆောင်ရွက်မည်ကို စောင့်ကြည့်နေခဲ့သော်လည်း လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပါ။

ပြည်သူတစ်ရပ်လုံးကို ဆဲဆိုစော်ကားသော လူရမ်းကား မိုက်ကယ်ကျော်မြင့် ၏ ပြောဆိုချက်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆(က)(ခ)(ဂ)(ဃ) တို့ကို လိုက်နားခြင်း ရှိပါသလား။

ထိုပုဒ်မများကို လိုက်နာပါမည်ဟု ဝန်ခံကတိပြုထားသော ပါတီဥက္ကဋ္ဌ အမည်ခံ လူရမ်းကား မိုက်ကယ်ကျော်မြင့်၏ ပြောဆိုမှုများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး ပြောဆိုချက်များလား။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆဲဆိုရမ်းကား ပြောဆိုမှုများလားဆိုသည်ကို ဆန်းစစ်ကြဖို့ လိုပါသည်။

ပုဒ်မ (၆) ပါ ခံဝန်ကတိပြုထားသည်များကို ဖောက်ဖျက်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၃) ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း ပုဒ်မ ၁၀(က-၄) ပုဒ်မ (၆) ပါ ဝန်ခံတစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း။

ပုဒ်မ ၁၀(က-၄) အရ ဝန်ခံချက်ကို ဖောက်ဖျက်၍ ပြည်သူတစ်ရပ်လုံးကို ဆဲဆိုရမ်းကားခဲ့သော မိုက်ကယ်ကျော်မြင့်အား အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် မိုက်ကယ်ကျော်မြင့်မှာ ယနေ့တိုင်အောင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှ မကြာခဏ ဆဲဆိုးရမ်းကားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

၂၆-၈-၂၀၂၂ ရက်နေ့ကလည်း မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီမှ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူ ဦးနေနီအောင်နှင့် မိုက်ကယ်ကျော်မြင့် Viber မှ ဆက်သွယ်ပြောဆိုထားသော မှတ်တမ်းများနှင့် ၎င်းတို့၏ အပြန်အလှန် ပေးပို့ချက်များထဲမှ အသံဖိုင်တစ်ခုကို ဖော်ပြခဲ့ရာ မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ်အား ဆဲဆိုစော်ကားလျှက် ရှိသည်ကို တွေ့မြင်ရပါသည်။ လူရမ်းကား မိုက်ကယ်ကျော်မြင့်၏ ရမ်းကားပြောဆိုမှုများအား မှတ်တမ်းအဖြစ် ရယူထားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရသက်တမ်း ၁နှစ်နှင့် ၆လတာ ကာလအတွင်း NLD ပါတီ ဦးဆောင်သူများသည် ၎င်းတို့အား ထောက်ခံသည့် ပြည်သူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ အကြမ်းဖက်အဖွဲ့အစည်း မျိုးစုံဖွဲ့စည်းကာ ပြည်သူများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသောကြောင့် တည်ငြိမ်အေးချမ်းမှုလိုလားသော ပြည်သူများမှာ NLD အစွန်းရောက် အကြမ်းဖက်သမားများကိုလည်း ကြောက်ရွံ့နေကြရသည်။ 

အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော NLD ပါတီအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသကဲ့သို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က NLD ပါတီဦးဆောင်သူများ ဖွဲ့စည်းထားသော အကြမ်းအဖွဲ့အစည်းမျိုးစုံ၏ အကြမ်းဖက်လုပ်ရပ်များကို ထုတ်ပြန်ပြောဆိုနေသော်လည်း အသိအမှတ်ပြု လက်ခံခြင်း မရှိသည့်သဘောဖြင့် မျက်ကွယ်ပြုပြောဆိုနေသည်ကို တွေ့မြင်ရပါသည်။ အစွန်းရောက် အကြမ်းဖက်ပါတီNLD ကို အရေးယူခြင်း မရှိသကဲ့သို့ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုစော်ကားသည့် လူရမ်းကား မိုက်ကယ်ကျော်မြင့် ကိုလည်း အရေးယူဆောင်ရွက်ခြင်း မရှိသည်ကို ထောက်ရှုခြင်းအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများမှာ လွန်စွာအားနည်းနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အာဏာအရပ်ရပ်ကို ခေတ္တထိန်းသိမ်းထားသည့် တပ်မတော်ဦးဆောင်သည့် နစက အစိုးရအနေဖြင့်လည်း NLD ပါတီမှ ပေါ်ပေါက်လာသော အကြမ်းဖက်အဖွဲ့များအပေါ် တည်ငြိမ်အေးချမ်းမှုလိုလားသော ပြည်သူများ အသက်အိုးအိမ်စည်းစိမ် လုံခြုံအေးချမ်းရေးကို အလေးထားစဉ်းစားခြင်း မရှိဘဲ အလွန်အမင်းငဲ့ညှာခဲ့ခြင်းကြောင့် အပြစ်မဲ့ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ နိုင်ငံဝန်းထမ်းများ၊ ပြည်သူများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အားပေးထောက်ခံသလိုနှင့် ပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုရမ်းကားနေသည့် မိုက်ကယ်ကျော်မြင့် ကဲ့သို့သော လူရမ်းကားတစ်ဦး၏ ရမ်းကားပြောဆိုနေမှုများကို မျက်ကွယ်ပြုထားခြင်းကလည်း ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားလုပ်ဆောင်နေသော နစက အပေါ် မေးခွန်းထုတ်စရာများဖြစ်နေပါသည်။

ပါတီဥက္ကဋ္ဌ တစ်ယောက် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာခြင်းမရှိဘဲ ပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုစော်ကားခဲ့သော မိုက်ကယ်ကျော်မြင့် အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် မြန်မာနေရှင်ပို့စ် အနေဖြင့် အလေးအနက် တိုက်တွန်းတောင်းဆိုသည်။

(ပြည်သူတစ်ရပ်လုံးအပေါ် ဆဲဆိုရမ်းကားထားသည့် မိုက်ကယ်ကျော်မြင့်၏ ရုပ်သံမှတ်တမ်းကို ပြန်လည်ထုတ်လွှင့်ပေးသွားပါမည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)