ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း ဆန်အလုံအလောက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း ဆန်အလုံအလောက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်


MNP ၊ သြဂုတ် ၂၇

ပြည်တွင်း၌ လက်ကျန်ဆန်နည်းပါးနေကြောင်း ပြည်ဖျက်မီဒီယာတချို့က မဟုတ်မမှန် သတင်းရေးသားဖော်ပြမှုများ ပြုလုပ်နေသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က ဆန်ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာ မရှိကြောင်း ရှင်းလင်းပြောကြားထားသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံတွင် ယမန်နှင့် မိုးစပါးစိုက်ဧက ၁၅သန်းခန့် ရှိခဲ့ပြီး စပါးထွက်ရှိမှု တင်းသန်းပေါင်း ၁၀၈၈ ရှိပြီး နွေစပါးစိုက်ဧက ၂သန်း ရှိရာ စပါးတင်း သန်းပေါင်း ၂၁၃သန်း ထွက်ရှိခဲ့ကြောင်း၊ စုစုပေါင်းထွက်ရှိမှုမှာ စပါးတင်း သန်းပေါင်း ၁၃၀၁ သန်းဖြစ်ပြီး ညီမျှဆန်တန် ၁၃.၀၁သန်း ဖြစ်ကြောင်း၊ အလေအလွင့် နှုတ်ပယ်၍ အသားတင် ပိုလျှံမှုပမာဏမှာ ဆန်တန် ၁၂.၂၈၂ သန်း ခန့်ဖြစ်ပြီး ပြည်တွင်းလူဦးရေ ၅၅သန်း စားသုံးရန် လိုအပ်ချက်မှာ ၉.၄၀၂သန်း ဖြစ်သည့်အတွက် ပြည်ပတင်ပို့နိုင်မှု ပမာဏမှာ ၂.၈၈ သန်းခန့် ရှိကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း သြဂုတ်လကုန်အထိ ပြည်ပတင်ပို့နိုင်မှုပမာဏမှာ ဆန်တန် ၁.၃၃၈သန်း နှင့် ဆန်ကွဲ တန်ချိန် ဝ.၈၀၈ သန်းသာ ဖြစ်သည့်အတွက် သြဂုတ်လကုန်တွင် ပြည်တွင်၌ လက်ကျန်ဆန် တန်ချိန် ၃.၆၃၅ သန်း ရှိကြောင်း" ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းလက်ကျန် ဆန်များအပေါ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄လစာ ပြည်တွင်း စားသုံးရန် လိုအပ်ချက်ပမာဏမှာ ဆန်တန် ၃.၁၃၄သန်းသာ ဖြစ်ပြီး စက်တင်ဘာလကုန်တွင် ယခုနှစ်မိုးရာသီ စိုက်ပျိုးသည့် မိုးစပါး စိုက်ဧက ၁၅သန်းမှ စတင်ထွက်ပေါ်လာမည်ဖြစ်၍ ဆန်ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာမရှိကြောင်း ရှင်းလင်းပြောကြားထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှု ပိုလျှံမှသာလျှင် ပြည်ပတင်ပို့ခြင်းအား ခွင့်ပြုပေးပြီး ဆန်ပြည်ပ တင်ပို့မှုတွင်လည်း ပြည်တွင်းဖူလုံမှုကို ဦးစားပေးတွက်ချက် ချန်လှပ်ပြီးမှသာလျှင် စိစစ်၍ စနစ်တကျ တင်ပို့ခွင့် ပြုပေးလျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)