MNP - သြဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်၍ တည်ငြိမ်အေးချမ်းစေရန်အတွက် နယ်မြေစိုးမိုးရေးအနေဖြင့် ကွင်းဆင်းအဖွဲ့ စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ(၃၅) ဦး ပါဝင်သောအဖွဲ့သည် မိုးကုတ်မြို့မှ ထွက်ခွာလာခဲ့ရာ မိုးကုတ်မြို့နယ်၊ ရေညှိအင်းကျေးရွာ၌ ယမန်နေ့နံနက် (၀၉:၀၀)နာရီ အချိန်တွင် ဒေသခံပြည်သူများ ကျား(၅၃)၊ မ(၂၅) စုစုပေါင်း(၇၈)ဦးနှင့် တွေ့ဆုံပြီး ဟောပြော ဆွေးနွေးခြင်း၊ ဒေသခံ ပြည်သူများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိုနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များဖြစ်သော ဒေသခံပြည်သူ (၂၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ လျှပ်စစ်မီတာခများ ပေးဆောင်စေရေးအတွက်
ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝက်မွေးမြူရေးခြံများအား ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကွင်းဆင်းဟောပြော ကုသပေးခြင်း၊ လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)ရရှိရေး မြေစာရင်းပုံစံ (၁၀၅/၁၀၆ ) ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးခြင်း၊ ကျောင်းနေရွယ်ကလေးများ အားလုံးကျောင်းနေထိုင်စေရေးအသိပညာပေး ဟောပြောခြင်း ရွာတွင်းလမ်းများအား ပြုပြင်နိုင်ရန်အတွက် စစ်ဆေးတိုင်တာပေးခြင်း၊ ပန်းခင်းစီမံချက်အရ နိုင်ငံသားမှတ်ပုံတင် (၂၀)ဦးအား ပြုလုပ်ပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးကာကွယ်ရေး သရုပ်ပြခြင်းစသည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရပါသည်။
သတင်း - နန်းခွာညိုနှင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment