ပုသိမ်ကြီးမြို့နယ်၊ ဇီဝိတဒါန သံဃာဆေးရုံဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်၊ ဇီဝိတဒါန သံဃာဆေးရုံဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်



MNP - သြဂုတ်  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ပုသိမ်ကြီးမြို့ရှိ ဇီဝိတဒါနသံဃာဆေးရုံအား ဥပတိရုပ်ကောင်းမွန်စေရေး၊ အရပ်ဝေး/အရပ်နီးမှ လာရောက်ဆေးကုသမှုခံယူသော သံဃာတော်များ လေကောင်းလေသန့် ရရှိ၍ စိတ်အေးချမ်းသာယာစွာ ဆေးကုသခံယူနိုင်ရန်တွက် ဆေးရုံးဝန်းအတွင်း/အပြင် နေရာများမှာ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်အား ဒါနသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။


မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ စုစုပေါင်း(၈၀)ဦးခန့်တို့က ၎င်းဆေးရုံးဝန်းအတွင်း/အပြင်ဘက်ရှိ အမှိုက်များ ရှင်းလင်းပေးခြင်း၊ ခြုံနွယ်/မြက်ပင်များကို မြက်ခုတ်စက်/ဓါးတို့ဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ကုသိုလ်ပြုပူးပေါင်းဆောင်ရွက်ပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)