MNP - ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လတာ ကာလလုပ်ငန်းဆောင်ရွက် ချက်နှင့် တိုးတက်ဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်မှာကြားချက်အပေါ် လိုက်နာဆောင်ရွက်ရေး၊ လုံခြုံရေး အထူးဂရုစိုက်ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ယူဖြန့်ဖြူးမှုမရှိရေး၊ သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှု ပူးပေါင်းဆောင်ရွက်ရန်၊ ဘင်္ဂါလီဝင်ရောက်မှုမရှိစေရေး၊ မူဝါဒများနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေး၊ စိုက်တိုးမြှင့်ကော်မတီဝင်များ ကွင်းဆင်း ဆောင်ရွက်ရေး၊ အိမ်ထောင်စုစာရင်း၆၆/၆၊ မြေပြင်လူဦးရေ ကွင်းဆင်းချိန်အမီ ပြီးစီးရေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment