မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၁၁၈၃ ဦးအတွက် ငွေကျပ် ၁၄၈၉ သိန်းကျော်ကိုထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၁၁၈၃ ဦးအတွက် ငွေကျပ် ၁၄၈၉ သိန်းကျော်ကိုထုတ်ပေး

 


MNP - ဩဂုတ်   ၈


မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်များမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၁၁၈၃ ဦးအတွက် ငွေကျပ် ၁၄၈၉ သိန်းကျော်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။


လူမှုဖူလုံရေးစီမံကိန်းအား တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်ရစေရန် မျှော်မှန်းချက် ဖြင့် လူအဖွဲ့အစည်းရှိ လူတိုင်းလူမှုဘဝလုံခြုံရေး၊ လူတိုင်းဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေး၊ မမျှတမှုနှင့်ဆင်းရဲနွမ်းပါးမှုများကို ကာကွယ်လျော့ချရန်နှင့် ပုံမှန်ဝင်ငွေရရှိစေရန် အမျိုးသားလူမှု ဖူလုံရေးစနစ်ထူထောင်ပြီး ဆောင်ရွက်လျက်ရှိလျက်ရှိရာ လူမှုဖူလုံရေးစနစ်သည် မိမိတို့ လုပ်ခလစာမှ အနည်းငယ်စုပေါင်းထည့်ဝင်ခြင်းဖြင့် မိမိတို့ကို လူမှုဒုက္ခတို့မှ ကာကွယ်မှုပေးပြီး၊ အခြားလူမှုဒုက္ခအခက်အခဲကြုံတွေ့နေရသည့်သူများကိုလည်း ဆေးဝါးကုသမှုအခွင့်အရေးနှင့် ငွေကြေးအကျိုးခံစားခွင့်တို့ရရှိစေရန် ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအာမခံစနစ်(၆)မျိုးရှိသည့်အနက် လက်ရှိမှာ ကျန်မာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံနစ်တို့ဖြစ်ပြီး ၎င်းအာမခံစနစ်တို့အတွက် အကျိုးခံစားခွင့်များပေးနိုင်ရန် ထည့်ဝင်ကြေးများပေးဆောင်ရသည်။ ယင်းထည့်ဝင်ကြေးများ ပေးဆောင်ရာတွင် ကျန်းမာရေး နှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်မှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းနှင့် အလုပ်သမားဝန်ထမ်းမှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းကို ပေးဆောင်ရသည်။ ၎င်းအပြင်အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ ၁ ရာခိုင်နှုန်းသာ ပေးဆောင်ရပြီး အလုပ်သမားက ပေးဆောင်ရခြင်းမရှိကြောင်းနှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်အတွက်လည်း ထည့်ဝင်ကြေးများ ပေးဆောင်ရခြင်းမရှိကြောင်း သိရသည်။ အဆိုပါ အာမခံစနစ် ၃ မျိုးအတွက် စုစုပေါင်းအလုပ်သမားလစာ၏ ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထည့်ဝင်ကြေးအဖြစ် လစဉ်ပေးဆောင်ရကြောင်းနှင့် လူမှုဖူလုံရေးစနစ်တွင် ဆေးဝါးကုသမှုအခွင့်အရေးနှင့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် အဓိကအကျိုးခံစားခွင့် နှစ်ရပ်ရှိကြောင်း ရုံးခွဲတာဝန်ခံ ဒေါ်အေးအေးစန်းထံမှ သိရသည်။


မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံး၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကျန်းမာရေးနှင့်လူမှုဖူလုံရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များအဖြစ် ထောက်ပံ့ငွေများထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်တွင် ၁၁၆၆ ဦးအတွက် ငွေကျပ် ၁၃၅၄၈၁၅၁၅.၈၁ ၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တွင် ၁၇ ဦးအတွက် ငွေကျပ် ၁၃၄၄၈၄၁၀ တို့ကိုထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)