ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာရေနံမြေရှိ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာရေနံမြေရှိ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


MNP ၊ ဩဂုတ် ၂၉

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာရေနံမြေရှိ စွမ်းအင်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန့်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/ လမ်းရွာ ရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တွင်းအမှတ် CDT-15 တူးဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ယာယီရှင်းလင်းဆောင်၌ ချောက်/ လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက ချောက်/လမ်းရွာရေနံမြေ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်နေမှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းအစီအမံများ၊ လက်ရှိတူးဖော်နေသည့် CDT-15 ၏ ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် တူးဖော်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့ ခန့်မှန်းထွက်ရှိနိုင်မည့် အခြေအနေနှင့် သုံးစွဲမည့်အခြေအနေတို့ကို ကြိုတင်စဉ်းစား တွက်ချက်ထားရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ထုတ်လုပ်ရေးတွင်းများ ဆက်လက်တူးဖော်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောက်/လမ်းရွာရေနံမြေ၊ အမှတ်(၁)ရေနံ လက်ခံ သံကန်တန်း ဧရိယာရှိရေနံတွင်းများမှ ရေနံစိမ်းထုတ်လုပ်နေမှု၊ လက်ခံသံကန်တန်းများသို့ ပို့လွှတ်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရေနံမြေလုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်မစက်မှုလက်မှု အလုပ်ရုံ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းသို့ရောက်ရှိပြီး ရေနံတွင်း တူးစက်နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုတင် ၁၅၀ ဆံ့ရေနံဆေးရုံရှိ ပြည်သူများနှင့် ဝန်ထမ်းများ တက်ရောက်ဆေးကုသနေမှုကို ကြည့်ရှုစစ်ဆေးရာ ရေနံဆေးရုံဆရာဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်မှာကြားပြီး ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)