နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Internatoinal Army Games - 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Internatoinal Army Games - 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်












MNP ၊ ဩဂုတ် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Convention Center တွင် ကျင်းပပြုလုပ်သည့် Internatoinal Army Games - 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့် အတူ Alabino လေ့ကျင့်ရေးကွင်းရှိ House of Friendship ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။


ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ တင့်ကားမောင်းနှင်းပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division - 1) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တရုတ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် ရုရှားနိုင်ငံတင့်တပ်ဖွဲ့က ၁ နာရီ ၂၉ မိနစ် ၃၆ စက္ကန့်ဖြင့် ပထမဆုကိုလည်းကောင်း၊ ဘီလာရုစ်နိုင်ငံတင့်တပ်ဖွဲ့က ၁ နာရီ ၄၁ မိနစ် ၀၄ စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ တရုတ်နိုင်ငံ တင့်တပ်ဖွဲ့က ၁ နာရီ ၄၄ မိနစ် ၀၃ စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးဆုများရရှိခဲ့သည်။


ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုချီးကျူး ကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းသားများနှင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်နိုင်ရန် စေလွတ်ပေးသည့် နိုင်ငံများ၏ အကြီးအကဲများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division - 1)တွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်တင့်အဖွဲ့များအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ရိုးရာယဉ်ကျေးမှုများဖြင့် ဖျော်ဖြေဧည့်ခံကြကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။


အဆိုပါ Internatoinal Army Games - 2022 ပြိုင်ပွဲကိုနိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင်အိမ်ရှင်အဖြစ် နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ပြိုင်ပွဲများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲများဖြစ်သည့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ Army of Culture တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။


ထိုသို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon (Tank Crews Competition) Division-2 ၌ ဆီးဒီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ရပ်လျက်ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ် ပစ်စက်သေနတ် ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲ စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့အားယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ တပ်မတော်တင့်တပ်ဖွဲ့ Crew - 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ Crew -2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew - 3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် လည်းကောင်း၊ စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့် ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခု တွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်းယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။


ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၇ နိုင်ငံအနက်အဆင့် ၄ နေရာ၌လည်းကောင်း၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုနှင့် အသင်း ၁၆ သင်းအနက်အဆင့် ၄ နေရာ၌ လည်းကောင်းရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည်။ အလားတူ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တီးခတ်မှုပြိုင်ပွဲတွင်ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ(ရုရှား သီချင်း)တွင် ပထမဆု၊ အကပြိုင်ပွဲတွင် တတိယဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟတ်ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်း တတိယဆုတို့ကိုဆွတ်ခူးရရှိခဲ့သည့် အပြင်အွန်လိုင်းမှတဆင့် ပရိတ်သတ် များ၏ မဲပေးရွေးခြယ်မှု(People's Choice Award)တွင်လည်း ပထမဆုကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။


မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ Internatoinal Army Games - 2022 ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာဆိုင်ရာအတွေ့ အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)