MNP ၊ သြဂုတ် ၁၉
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး ပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် (၁၈)ရက် နံနက်ပိုင်းကကျိုက္ကသာ ကျေးရွာအုပ်စုရှိအခြေခံပညာကျောင်းများ တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့်ကျိုက္ကသာကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ခံဆရာမများ နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှု စစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ပညာရေးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment