MNP ၊ သြဂုတ် ၁၉
မွန်ပြည်နယ်၊ သထုံမြိုရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးမင်းမင်းရှိန်က လူငယ်များကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ ကျောင်းသားကျောင်းသူများ သိထားသင့်သည့် အားကစားနည်းများ၊ အားလပ်ချိန်၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောဆွေးနွေးပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ လူငယ်များများအတွက် အားကစားပစ္စည်းများကို
ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်က လက်ခံရယူခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost



No comments:
Post a Comment