မျိုးချစ်စိတ်ဖြင့် ရှင်သန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးချစ်စိတ်ဖြင့် ရှင်သန်ခြင်း


အမျိုးသားရေးဆိုတာ ဘာလဲ။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ရည်ရွယ်ချက်တွေက ဘာတွေလဲ။ အမျိုးသားရေးလှုပ်ရှားမှုမှာ ထင်ရှားသူတစ်ဦးဦးနဲ့ ဓာတ်ပုံတွဲရိုက်ရုံနဲ့ အမျိုးသားရေး ဖြစ်ရောလား။ မိမိတို့ရဲ့ အမျိုးသားရေးစံနှုန်းတွေက ဘာတွေလဲ။  ဘာသာ သာသနာနဲ့ လူမျိုးအတွက် ရပ်တည်ဆောင်ရွက်နေတဲ့ အမျိုးသားရေးသားဝါဒီ ဆိုသူတွေက ကိုယ့်စည်းကိုယ် နားလည်ကြပြီလား။ ဆဲဆိုးရမ်းကားပြီး အမျိုးသားရေးကြွေးကြော်နေလို့ ဖြစ်မလား။ မတော်လောဘနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေပြီး အမျိုးသားရေးမျက်နှာဖုံး စွပ်ထားတာတွေကရော သင့်တော်ပါ့မလား။

ဒီအကြောင်းလေးတွေကို ကျွန်တော်စဉ်းစားသုံးသပ်မိသလောက် ရေးသားပြဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေပေါ်ပေါက်လာပြီး လူငယ်တွေ အမျိုးသားရေးဇာတိမာန်တွေ ပြန်လည်နိုးကြားလာကြတယ်လို့ ဆိုနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစပျိုးခဲ့တဲ့ ပဋိပက္ခဟာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမျိုးသားရေးဇာတိမာန် ပြန်လည်ရှင်သန်နိုးကြားလာခြင်းဟာ ဗုဒ္ဓဘာသာလူမှုအသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားတိုက်ခိုက်စော်ကားလာတဲ့အတွက် ဘာသာ၊ သာသနာ၊ လူမျိုး ကို ထိပါးလာလို့ မခံနိုင်တဲ့ အမျိုးသားရေးဇာတိမာန် ဖြစ်ပါတယ်။ အထူးအားဖြင့် ရခိုင်တွေက လူမျိုးနဲ့ ဘာသာ ကို ထိပါးလာလို့ ထကြွလာတဲ့ အမျိုးသားရေးဇာတိမာန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာလူငယ်တွေက ကိုယ့်ဗုဒ္ဓဘာသာဝင်တွေအပေါ် စော်ကားလာလို့ ရခိုင်တိုင်းရင်းသား အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်ဆိုရင် မမှားပါဘူး။

တစ်ဖက်က ခိုးဝင်ဘင်္ဂလီတွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုကိုလည်း သတိပြုမိဖို့ လိုပါတယ်။ အစ္စလာမ်ဘာသာဝင် ခိုးဝင်ဘင်္ဂလီတွေနဲ့အတူ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း ဘာသာရေးကိုအခြေခံတဲ့ အမျိုးသားရေးစိတ် ရှိနေတာကြောင့် ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီ အစ္စလာမ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ မြန်မာပြည်အရပ်ရပ်မှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကလည်း သူ့နည်းသူ့ဟန်နဲ့ ပဋိပက္ခတွေ ဖန်တီးလာခြင်းကြောင့် တပြည်လုံးကို ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရခိုင်မှာ ဖြစ်ပြီး မိတ္ထီလာမြို့ပေါ်မှာ ဟံဇားကျေးရွာက ဆရာတော်ဦးသဘောဘိတကို ဗလီထဲမှာ မီးရှို့သတ်တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့သလို လားရှိုးမြို့မှာ မအေးအေးဝင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်ကို တွေ့မြင်နိုင်ပါတယ်။

ကျွန်တော်တို့တတွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုက ကိုယ့်တိုင်းရင်းသားတွေ ခံလိုက်ရတော့မှ မခံနိုင် မရပ်နိုင်ဖြစ်ပြီး တုန့်ပြန်တဲ့ အမျိုးသားရေးလှုပ်ရှားမှု အဆင့်လောက်ပဲဖြစ်ပါတယ်။ စတင်ကျူးကျော်စော်ကားတဲ့ အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှု အဆင့်ထိ မရောက်ခဲ့ပါဘူး။

သို့ပေသော်လည်း အမျိုးသားရေးလှုပ်ရှားမှုဟာ အစွန်းရောက်တံဆိပ်အကပ်ခံခဲ့ရတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစွန်းရောက် အကြမ်းဖက် အမျိုးသားရေးလှုပ်ရှားမှုကို သတင်းစာမျက်နှာတွေမှာ ဖုံးဖိကာကွယ်ရေးသား ဖော်ပြကြပြီး လက်တုန့်ပြန်တဲ့ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကိုတော့ ပုံကြီးချဲ့ပြီး လုပ်ကြံဖန်တီး ရေးသားဖော်ပြကြခြင်းကြောင့် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုဟာ အစွန်းရောက်တံဆိပ်အကပ်ခံရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရသက်တမ်း ကျွန်တော်ရဲ့ ကြားဖူးနားဝ ဗဟုသုတနဲ့ ကိုယ်တိုင် ပါဝင်လှုပ်ရှား အခြေအနေအရပ်ရပ်ကို ထောက်ရှုဆင်ခြင်ကြည့်မယ်ဆိုရင် အမျိုးသားရေးကို အလေးပေးဆုံးခေတ်လို့တောင် ဆိုနိုင်ပါတယ်။ အမျိုးသားရေးလှုပ်ရှားသေတွေအနေနဲ့ အိုအိုင်စီက ပေါက်ကရစကားတစ်ခွန်းပြောရင် ချက်ချင်းတုန့်ပြန်နိုင်ပါတယ်။ ကုလသမဂ္ဂက ပေါက်ပန်းစေး လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ပြောဆိုချက်တစ်စောင်ထွက်ရင် ချက်ချင်း တုန့်ပြန်နိုင်ပါတယ်။ ဘန်ကီမွန်းပါးစပ်က ဒေါ်လာစားပြီး ပေါက်ကရပြောလာခဲ့ရင် ချက်ချင်း တုန့်ပြန်နိုင်ပါတယ်။ ရန်ဟီးလီ ပါးစပ်က ကူလီကူမာ ဖာစကားတွေ ဖန်တီးပြောဆိုလာခဲ့ရင် ချက်ချင်း တုန့်ပြန်နိုင်ပါတယ်။

တိုင်းတပါးက အမျိုးသားရေးလှုပ်ရှားမှုတွေကို ဘယ်လို သွေးခွဲသလဲ။ ဘယ်လို ဖျက်ဆီးသလဲ။ သီတဂူဆရာတော်ကြီးရဲ့ အပရဟာနိယတရား (၇)ပါး ကို နားထောင်ရင် အမျိုးသားရေးလှုပ်ရှားမှု အစွန်းရောက်တံဆိပ် အကပ်ခံရခြင်း သဘောကို နားလည်ကြပါလိမ့်မယ်။ မြတ်စွာဘုရားက "သမဂ္ဂါနံ တပေါ သုခေါ - စည်းလုံးညီညာလျှင် အောင်မြင်မည်။" လို့ ဆိုဆုံးမထားပါတယ်။ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု အောင်မြင်မှုမရအောင် စည်းလုံးညီညွတ်မှုကို ဖြိုခွင်းရပါတယ်။ အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု က လစ်ဘရယ်အတွေးရှိတဲ့ သူတို့အသုံးချလို့ ရမယ့်သူတွေကို ငွေကြေးအထောက်အပံ့ပေးပြီး နည်းစနည်ကျကျ သိမ်းသွင်းပြီး သပ်လျှိုသွေးခွဲလိုက်တဲ့အချိန်မှာ အမျိုးသားရေးလှုပ်ရှားမှုကို ဆန့်ကျင်တဲ့ အင်အားကြီး NLD ဦးဆောင်သော နိုင်ငံရေးအုပ်စုတစ်စု ပေါ်ပေါက်လာခဲ့ပါတယ်။ 

အမျိုးသားရေးနဲ့ NLD ဦးဆောင်တဲ့ အမျိုးသားရေးကို တိုက်ခိုက်စော်ကားတဲ့ နိုင်ငံရေးအုပ်စုရဲ့ အားပြိုင်မှုဖြစ်လာခဲ့ပါတယ်။ NLD ပါတီဟာ နိုင်ငံရေးပါတီများအပေါ် ပြိုင်ဘက်မဟုတ်တော့ဘဲ လက်တစ်ဆုပ်စာ အမျိုးသားရေးလှုပ်ရှားသူတွေကို အစဉ်တစိုက် မိုက်မိုက်ရိုင်းရိုင်း တိုက်ခိုက်စော်ကားတဲ့ နိုင်ငံရေးအုပ်စုကြီး ဖြစ်လာခဲ့ပါတယ်။ NLD ပါတီကို ဦးဆောင်သူရဲ့ အရှိန်အဝါ နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ အရှိန်အဝါက နှိုင်းယှဉ်လို့ မရအောင် ကွာဟပါတယ်။ ဘာသာရေးကို အလေးထားတဲ့ NLD ပါတီဝင်ဖြစ်စေ၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ NLD ပါတီဝင်ဖြစ်စေ အမျိုးသားရေးလှုပ်ရှားသူတွေ ပြောတဲ့ စကားထက် အရှိန်အဝါကြီးမားတဲ့ သူတို့ခေါင်းဆောင် ပြောစကားကို ပိုပြီး အလေးထားပါတယ်။

အမျိုးသားရေးကို ပိုပြီးအလေးထားတဲ့ NLD ပါတီဝင်တွေ၊ NLD ကို ထောက်ခံသူတွေကတော့ ပုဂ္ဂိုလ်နဲ့ပါတီကို စွန့်ခွါလိုက်ကြရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။

ဒါက အမျိုးသားရေးအင်အားချိနဲ့ ရခြင်းနဲ့ အင်အားကြီး နိုင်ငံရေးအုပ်စုကို တိုင်းတပါးအဖွဲ့အစည်းများက စနစ်တကျ စည်းရုံးသိမ်းသွင်းနိုင်ခြင်း သဘောသရုပ်မှန်ကို ပြဆိုခြင်းပဲဖြစ်ပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဆက်စပ်လို့ သိကျွမ်းခင်မင်တဲ့ မိတ်ဆွေတစ်ယောက်က အမေရိကန်တို့ရဲ့ လူဖြူကြီးစိုးရေး၊ ခရစ်ဘာသာလွှမ်းမိုးရေး အမျိုးသားရေးဝါဒအကြောင်းကို ရှင်းလင်းပြောဆိုခဲ့တာကို နားထောင်ခဲ့ရဖူးတယ်။ အမေရိကန်ဆိုတာ အင်္ဂလိပ်တွေပါပဲ။ နေမဝင်အင်ပါယာကို တည်ထောင်ခဲ့တဲ့ အင်္ဂလိပ်တွေရဲ့ နယ်မြေသစ်တစ်ခုပါပဲ။ အမေရိကတိုက်မှာ ရှိတဲ့ ဒေသခံ လူမျိုးစုတွေအပေါ် အနိုင်ကျင့် ဂုပ်သွေးစုပ် ကျွန်လိုသဘောထားပြီး တည်ထောင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်သုံးစကားတွေကတော့ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု အစရှိတဲ့ လူပြိန်းကြိုက်စကားတွေပေါ့။ ဒီစကားလုံးတွေနဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေကို လစ်ဘရယ်ဝါဒ ကျယ်ပြန့်အောင် သွပ်သွင်းတယ်လို့ အပေါ်ယံအားဖြင့် ရှုမြင်နိုင်ပါတယ်။

သူတို့ရဲ့ ခရစ်ယာန်လူဖြူကြီးစိုးရေးဝါဒ လွှမ်းမိုးအောင် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာကိုတော့ လေးလေးနက်နက် မတွေးကြတဲ့သူတွေ များပါတယ်။ သူတို့ရဲ့ ဘာသာရေးအဆုံးအမအရ ဟီရိသြတပ္ပ တရားဆိုတာ မရိပါဘူး။ လောကပါလ တရားဆိုတာ မရှိပါဘူး။ သူတို့လို အကျင့်စရိုက်တွေ ဝင်လာရင် သူတို့စည်းရုံးသိမ်းသွင်းဖို့ လွယ်ကူတယ်။ အရှက်အကြောက်ကင်းသော၊ လူမဆန်သည့် လွတ်လပ်မှု (လူတွေကိုအရိုင်းစိတ်)သွင်းပြီး ခြယ်လှယ်တဲ့ ဝါဒကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။

အမျိုးသားရေးဟာ ဘာသာရေးနဲ့ ကင်းလွတ်နေတာမျိုး မဟုတ်ပါဘူး။ အမေရိကန်တွေရဲ့ အမျိုးသားရေးဟာ ခရစ်ယာန်ဘာသာရေးအပေါ်မှာ အခြေခံပြီး အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားရေးဟာ အစ္စလာမ်ဘာသာရေးအပေါ် အခြေခံပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဟာ ဗုဒ္ဓဘာသာအပေါ် အခြေခံပါတယ်။ 

ဗုဒ္ဓတရားတော်ကို အခြေခံပြီး ရေးသားပြဆိုထားတဲ့ ဆရာဦးရွှေအောင်ရဲ့ စာမှာတော့ ငါကို တည်ဆောက်ရတယ်။ ငါကြီးပွားအောင်၊ တိုးတက်အောင် အရင်လုပ်ရတယ်။ ငါကို တည်ဆောက်ခြင်းဟာ ငါ့အတွက်ချည်းမဟုတ် ငါ့အမျိုးသားများအတွက်ဆိုတဲ့ အဆင့်ကို ရောက်အောင် ဆောင်ရွက်ရတယ်။ ထပ်တိုးပြီးတော့ လောကအတွက် ဆောင်ရွက်ရတယ်။

ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားသူတွေမှာ ငါအတွက် တည်ဆောက်နိုင်ခဲ့တဲ့ ကာလမရှိပါဘူး။ ကျွန်တော်တို့ အရွယ်တန်း (၃၀)(၃၅)နှစ် ပတ်ဝန်းကျင် အမျိုးသားရေးလှုပ်ရှားသူ အများစုမှာ ငါ့အတွက် တည်ဆောင်နိုင်ခဲ့တဲ့ ကာလမရှိဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၂၀၁၀ ဒီမိုကရေစီ ခေတ်ပြောင်းနဲ့အတူ ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှု၊ လူမျိုးလိမ်အရေးဆိုမှု အန္တရာယ်တွေက ဒွန်တွဲပါလာခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း ပါလာခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘဝကိုယ် တည်ဆောက်ရမယ့်ကာလ အသက် ၂၀ကျော် အရွယ်ကစလို့ ယနေ့တိုင်အောင် အမျိုးသားရေးအန္တရာယ်တွေကို တုန့်ပြန်ပြောဆိုရင်း အချိန်ကုန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မတိမ်းမစောင်း လမ်းကြောင်းမှန်ပေါ် လျှောက်နိုင်တဲ့ သူတွေကတော့ ကိုယ့်ဘဝကိုယ် တည်ဆောက်ရင်း အမျိုးသားရေးအတွက်လည်း တစ်ဖက်တစ်ဖက်တစ်လမ်း က လှုပ်ရှားရင်းကြပါတယ်။

ကျွန်တော်တို့လို လူမွဲ အမျိုးသားရေးဝါဒီတွေ ထက် ငါအတွက် တည်ဆောက်ပြီးဖြစ်သော အမျိုးသားရေးဝါဒီတွေသာ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်ကြမယ်ဆိုရင် ပိုပြီး အောင်မြင်ပေါက်မြောက်နိုင်စရာ ရှိပါတယ်။ ငါအတွက် တည်ဆောက်ပြီးသူဟု ဆိုနိုင်သော စည်းစိမ်ဥစ္စာနှင့် ပြည့်ဝသော ပုဂ္ဂိုလ်များမှာလည်း အမျိုးသားရေးဟာ အစွန်းရောက် တံဆိပ်အကပ်ခံထားရတဲ့ ကာလမှာ သူတို့ရဲ့ စည်းစိမ်ဥစ္စာကို ထိပါးလာမယ့် အရေးကို မြင်တဲ့အတွက် ငါအတွက် တည်ဆောက်ပြီးဖြစ်သော်လည်း အမျိုးသားအတွက်ဖြစ်မလာပါဘူး။

ဒီနေ့ဒီအချိန်မှာ အမျိုးသားရေးကို အလေးထားတဲ့ အစိုးရတစ်ရပ်ကို ပြန်လည်ရရှိတယ်လို့ ဆိုနိုင်ပါတယ်။ အမျိုးသားရေးကို အလေးထားတဲ့ အစိုးရတစ်ရပ် ပြန်လည်ရရှိတဲ့ အချိန်မှာ နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်ကလို တိုင်းတပါးက ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ ညီညီညွတ်ညွတ် ပြတ်ပြတ်သားသား တုန့်ပြန်နိုင်ပေမယ့် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးထဲကပဲ တိုင်းတပါးသားတွေရဲ့ အထောက်အပံ့ကို ယူပြီး အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အချိန်မှာ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်လာရပါတယ်။

ကျွန်တော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုက ဝိသမလောဘသားတွေရဲ့ အသုံးချခံလည်း ဖြစ်ရတာမျိုး ရှိပါတယ်။ အသုံးချခြင်း၊ အသုံးချခံခြင်းမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး ရှိစမြဲပဲ ဖြစ်ပါတယ်။ မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကို မယိမ်းယိုင်စေဘဲ အသုံးချခြင်း၊ အသုံးချခံခြင်းက ပန်းတိုင်မပျောက်ပါဘူး။ နိုင်ငံရေးသမားဆိုတာ အမျိုးသားရေးစိတ်ကို အခြေခံပြီးမှ နိုင်ငံရေးသမားဖြစ်လာခြင်းပါ။ ငွေမျက်နှာတစ်ခုတည်းကို ကြည့်တဲ့အခါ အသုံးချခံသက်သက် ဖြစ်သွားပြီး သူတို့ရဲ့ အမျိုးသားရေးဇာတိမာန်တွေ ကင်းပျောက်သွားခြင်းပဲ ဖြစ်ပါတယ်။ အသုံးချကြပါစေ။ အသုံးချခံရပါစေ။ ကိုယ့်ပန်းတိုင် မပျောက်အောင်တော့ သတိမူရမှာဖြစ်ပါတယ်။

အထူးသတိပြုမိတာတစ်ချက်ကတော့ အမျိုးသားရေးကို ခုတုံးလုပ် အရည်ခြုံပြီး ကိုယ်ကျိုးရှာမယ့် ဝိသမလောဘသားတွေလည်း ရှိနေမှာပါပဲ။ လူဆိုတာ အဆိုး၊ အကောင်း ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ကိုယ်ကျိုးစီးပွားမြင်တဲ့သူက နိုင်ငံရေးအစွန်းရောက်တွေဘက်က အလေးသာရင် နိုင်ငံရေးအစွန်းရောက်တွေဘက်ကို ဝင်ရောပြီး ကိုယ်ကျိုးရှာမယ်၊ အမျိုးသားရေးဘက်က အလေးသာရင် အမျိုးသားရေးအရည်ခြုံပြီး ကိုယ်ကျိုးရှာမယ်။

ကျွန်တော်တို့တွေ အမျိုးသားရေးအတွက် အရေးကြုံလာတဲ့ အခြေအနေတစ်ရပ်မှာ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ခဲ့ကြတယ်။ အမျိုးသားရေးကို အလေးထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရခဲ့တယ်။ သို့သော် ဒီလို လှုပ်ရှားဆောင်ရွက်သူက လက်တစ်ဆုပ်စာလို့ ဆိုနိုင်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှု မရှိသော်လည်း မိမိစည်းစိမ်ဥစ္စာကို အမျိုးသားရေးအတွက် အသုံးချနေကြသူတွေ ရှိတယ်။ မိမိရဲ့ အမျိုးသားရေးအသိနဲ့ နိုင်ငံရေးအစွန်းရောက်တွေကို ဆန့်ကျင်နေကြတဲ့ အမျိုးသားရေးဝါဒီတွေလည်း ရှိနေပါတယ်။

အမျိုးသားရေးဆိုတာ ဟိုလိုလုပ်မှ ဒီလိုလုပ်မှ အမျိုးသားရေးတာဝန်ကျေတာတော့ မဟုတ်ပါဘူး။ အမျိုးသားရေးလုပ်ငန်းစဉ်ဆိုတာလည်း ဘယ်တော့မှ အဆုံးသတ်သွားမယ့် လုပ်ငန်းစဉ် မဟုတ်ပါဘူး။ ဆရာတော်သံဃာတော်များ က ကိုယ့်သွေးတစ်စက် မပါတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး ပညာတတ်၊ လူလိမ္မာတွေဖြစ်အောင် မွေးထုတ်ပေးနေတာ အမျိုးသားရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆောင်ရွက်ချက်ဖြစ်သလို ဆရာတော်သံဃာတော်များကို ရဲ့ ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးလှူဒါန်းထောက်ပံ့နေတဲ့ အလှူရှင်တွေဟာလည်း အမျိုးသားရေးတာဝန် ထမ်းဆောင်နေကြသူတွေပဲ ဖြစ်ပါတယ်။

ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ဘာသာဝင်တွေရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ လုပ်ရပ်တိုင်းဟာ အမျိုးသားရေးပဲဖြစ်ပါတယ်။ ရှေ့ထွက်မင်းသားကြီး လုပ်နိုင်မှ အမျိုးသားရေးလုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအတွက် ကိုယ်စွမ်းနိုင်တဲ့ အလုပ်နဲ့ ကောင်းကျိုးပြုနေသူမှန်သမျှဟာ အမျိုးသားရေးအတွက် လုပ်ဆောင်နေကြသူများပဲ ဖြစ်ပါတယ်။

ကျွန်တော် အမျိုးသားရေးဝါဒီပါလို့ မကြွေးကြော်တော့ပါဘူး။ အမျိုးသားရေးကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ အလုပ်ကိုလည်း မလုပ်ပါဘူး။ ကျွန်တော်လုပ်နိုင်တဲ့ အလုပ်ကို လုပ်မယ်။ အမျိုးသားရေးအတွက်ပဲ ဖြစ်ရမယ်။ အမျိုးသားရေးဆိုတာ ဘာလဲလို့ လာမေးရင် ကျွန်တော် သိသလောက် တတ်သလောက် ဖြေပေးမယ်။ ကျွန်တော်ရဲ့ ကာယ၊ ဉာဏနဲ့ ကူညီနိုင်တဲ့ ကိစ္စရှိရင် မိမိလူမျိုး၊ မိမိဘာသာဝင်တွေကို ကူညီမယ်။ ကိုယ်မကူညီနိုင်တဲ့ ကိစ္စ တပါးသူ ကူညီနိုင်တဲ့အခြေအနေရှိရင်လည်း အကူအညီ တောင်းခံပေးမယ်။

တိုင်းတပါးက အထောက်အပံ့ယူပြီး ကိုယ့်လူမျိုးအချင်းချင်း ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်နေကြတဲ့ အမျိုးယုတ်တွေကို ရွံမုန်းတယ်။ အမျိုးသားရေးမျက်နှာဖုံးစွပ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ဂုပ်သွေးစုပ်နေတာတွေကို အော့နှလုံးနာတယ်။ အမျိုးသားရေးသစ္စာဖောက်များ ကျဆုံးပါစေ၊ အမျိုးသားရေးကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးရှာနေကြတဲ့ ဝိသမလောဘသားများ ကျဆုံးပါစေလို့ နေ့စဉ် ဆန္ဒပြုပါ့မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)