MNP - ဩဂုတ် ၂၇
တောင်ကုတ်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ အာရဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု (၂၀၂၂)အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်ကုတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်စန်းယုမြင့်က အမှာစကားပြောကြား ပြီးနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်နှင့် ဦးစီးအရာရှိ ဦးဝင်းထွန်းသိန်းတို့က မိခင်ကလေးကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဟာရချက်ပြုတ်နည်းများကို သရုပ်ပြသပြီးနောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်စန်းယုမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အိအိငြိမ်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော်နှင့် ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား အဟာရပစ္စည်းများ ပေးအပ်ခြင်း၊ (၅)နှစ်အောက် ကလေးများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးငယ်များ တက်ရောက်ကြသည်။
ဩဂုတ်လ ပထမပတ်အား မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ ဒုတိယပတ်အား ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အဖြစ်လည်းကောင်း၊ တတိယပတ်ကို ကိုဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ စတုတ္ထပတ်ကို အိုအိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေးနှင့် အစာတွင် အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment