သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး(Table Top Exercise) ဆွေးနွေးပွဲ မြန်အောင်၌ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး(Table Top Exercise) ဆွေးနွေးပွဲ မြန်အောင်၌ ကျင်းပပြုလုပ်



MNP - သြဂုတ်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး (Table Top Exercise) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က မြန်အောင်မြို့ မီးသတ်ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


(Table Top Exercise) ဆွေးနွေးပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မိမိတို့ဒေသအတွင်းတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရယ်များပေါ်မူတည်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအလိုက် ကြိုတင်ပြင်ဆင်၍ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်ကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေး အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက် မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက  အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး (Table Top Exercise) ဆွေးနွေးပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မြင့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူးတင်မြိုင်၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)