MNP ၊ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးဆိုင်ရား အလုပ်ရုံဆွေးနွေးပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ တွင်ဩဂုတ်လ ၂၇ ရက်နံနက်(၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် သဘာဝဘေအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ အရေးပေါ် ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်မှုများ အား လျင်မြန်စွာတုံ့ပြန်ဆောင် ရွက်နိုင်ရန်အတွက်ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က မြို့ နယ်အတွင်း ဖြစ်ပေါ်တတ်သည့် ဘေး အန္တရာယ်များနှင့်ပတ် သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမ်းမြို့နယ်မီးသတ်စခန်းရှိ သဘာဝဘေးဆိုင်ရာ ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတပ်တပ်ဖွဲ့ဝင်များ၊ အမျိုး သမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မည့် သူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ မှ ၂၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြစ်ပွားတတ်သည့် သဘာဝဘေး အန္တရာယ်များအ ကြောင်း၊ ကြိုတင်ဆောင်ရွက်ရမည့်အစီအမံများ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများ၊ အသုံး ဝင်ပုံ၊ ဒေသတွင်းအ လွယ်တကူရရှိအသုံး ပြုနိုင်သော ကြိုတင်ကာကွယ်ရေး ပစ္စည်းများ၊ မီးဘေး/ရေကြီးရေလျှံမှုများ/မုန်တိုင်းဘေး/ငလျှင်ဘေးနှင့် အခြားသဘာဝဘေးများနှင့်ပတ်သက်၍ လုပ်ငန်းများအား အစုအဖွဲ့များအလိုက်ဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment