MNP - သြဂုတ် ၂၇
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိင်ပွဲကို သြဂုတ်(၂၅)ရက် နံနက်(၉)နာရီက လားရှိုးမြို့ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက် ဘော ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်မှာ မိမိတို့နိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည့် ထူးချွန် ထက်မြက်သည့် ဘတ်စကက်ဘော မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည် နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဘတ်စကက်ဘော အားကစားသမားများ အချင်းချင်း စုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေး အတွက်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေများ ကြောင့် ပြိုင်ပွဲများ ကျင်းပခြင်းကို ရပ်နားထားခဲ့ရပြီး ယခု၂၀၂၂ခုနှစ်မှာ ကျင်းပပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဘတ်စကက်ဘော အားကစားသမားများ အနေဖြင့် "ဘတ်စကက်ဘော အားကစားနည်းနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရမည် " ဆိုသည့် ရည်မှန်းချက်ထားပြီး နိုင်ငံ့ဂုဏ်ဆောင် ဘတ်စကက်ဘော အားကစားသမားတစ်ယောက် ဖြစ်လာအောင် မိမိကိုယ်ကို ဂရုတစိုက် ပြုစုပျိုးထောင်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစား သစ္စာဓိဌာန်(၄) ချက်ရွတ်ဆိုကြပြီး ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အသုံးပြုသည့် LED Score Board လှူဒါန်း ပေးပါသော Shining Myanmar Co;Ltd နှင့် Kingbrother ကုမ္ပဏီအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နုတ်ဆက်ကြပြီး ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် လားရှိုးမြို့ အထက(၂)ဘင်ခရာတပ်ဖွဲ့၊ အိမ်တွင်းမှု သင်တန်းကျောင်း၊လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများ၊ only one Dancer အဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များက ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲကို ပြိုင်ပွဲဝင်(၁၁)သင်း၊ ပြိုင်ပွဲဝင် အင်အား( ၃၀၂ )ဦးနှင့် ပြိုင်ပွဲကို သြဂုတ်(၂၅)ရက်မှ(၃၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ မယ်ဟန်ရှိ ရတနာဂုဏ်ရည် ကျောင်းတိုက် ဆရာတော်ဦးဝိလသအား သွားရောက်ဖူးမျှော်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆန်အိတ်(၂၀) ၊အလှူငွေကျပ်(၁၀)သိန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌမှ(၅)သိန်း၊ လုပ်ငန်း ရှင်များမှ (၃)သိန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး လှူဒါန်း ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူသည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ပုညနန္န အား သွားရောက်ဖူးမျှော်ကာ ဆရာတော်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ၊လှူဖွယ်ပစ္စည်း ၊အလှူ ငွေကျပ်(၅၀)သိန်း ၊ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌမှ ငွေကျပ်(၅၀)သိန်း ၊အလှူရှင်မှ ငွေကျပ် (၅၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ တို့မှ ဆက်ကက် လှူဒါန်းပေးကြသည်။
ဆက်လက်၍ သြဂုတ်(၂၄)ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ သာသနာ(၂၅၀၀) ကျောင်းသို့ သွားရောက်ကာ ဆရာတော် ဦးကေသရအား သွားရောက်ဖူးမျှော်၍ ဝါဆိုသင်္ကန်း၊လှူဖွယ်ပစ္စည်းနှင့် အလှူငွေကျပ်(၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများက ဆက်ကပ်လှူဒါန်းပေးကြသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment