အင်္ဂပူမြို့တွင် သဘာဝဘေးတုံ့ပြန်ရေး‌ Table Top Exercise ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့တွင် သဘာဝဘေးတုံ့ပြန်ရေး‌ Table Top Exercise ဆွေးနွေးပွဲပြုလုပ်

 



MNP - ဩဂုတ်  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၂၅ ရက်နေ့က သဘာဝဘေးအ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် Table Top Exercise  ဆွေးနွေးပွဲကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး တက်ရောက်လာသော မြို့နယ်သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အ‌တွေ့အကြုံ များအား ဆွေးနွေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်မြို့နယ် သဘာဝ ဘေးအရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းသဘာဝဘေး(ရေဘေး၊လေဘေး၊ဆူနာမီဘေး၊ငလျှင်ဘေး) အန္တရာယ်များဖြစ်‌ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တပြေးညီ အလျင်အမြန်တုန့်ပြန်‌ ဆောင်ရွက် နိုင်ရန် သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Table Top Exercise ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)