ပေါက်တောမြို့နယ် မူလွန်-ရွာချောင်းကြီးကျောင်းတွင် ကျောင်းကျန်းမာရေးဟောပြောခြင်းနှင့် သန်ကောင်ရောဂါ မဖြစ်ပွားစေရေး သန်ချဆေးများ တိုက်ကျွေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် မူလွန်-ရွာချောင်းကြီးကျောင်းတွင် ကျောင်းကျန်းမာရေးဟောပြောခြင်းနှင့် သန်ကောင်ရောဂါ မဖြစ်ပွားစေရေး သန်ချဆေးများ တိုက်ကျွေးပေး

 


MNP - ဩဂုတ်   ၂၇


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ငခူရှည်ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ကြီးကြပ်လျက်  ပေါက်တောမြို့နယ်၊ မူလွန်-ရွာချောင်းကြီး အခြေခံပညာ ကျောင်းရှိ ကျောင်းသူ/ကျောင်းသားများအား ယမန်နေ့နေ့လယ်ပိုင်းက ကျောင်းကျန်းမာရေး ဟောပြောခြင်းနှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ငခူရှည်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ် ဦးဇော်လင်းနိုင်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရာများ၊ တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ကြရန်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ သန်ကောင်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူ တစ်ဦးချင်းစီသို့ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင် သန်ချဆေးတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)