ညောင်ရွှေမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးပြုလုပ်



MNP -  ဩဂုတ်   ၂၇


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှပ်နှံမှုစာရင်းတွင် ရည်မှန်းရန်အဆိုပြုချက်များအား အတည်ပြုလျာထားနိုင်ရန်အတွက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်း အဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ညောင်ရွှေမြို့နယ်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပြန်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှပ်နှံမှုစာရင်းတွင် ရည်မှန်းရန်အဆိုပြုချက်များအား အတည်ပြုလျာထားနိုင်ရေးအတွက် မြို့နယ်စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများဖြင့် ပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ သက် ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက် မည့်လုပ်ငန်းများအား ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးစေလိုကြောင်းဖြင့် ပြောကြားသွားသည်။


ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံ ကိန်းဦးစီးမှူး ‌ဒေါ် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံလျာထား အဆိုပြုချက်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး  အစည်း အဝေးတက်ရောက်လာ သည့် ဌာနဆိုင်ရာအကြီးအကဲများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်နယ်/ ပြည်ထောင်စု) ငွေလုံးငွေရင်း ရင်းနှီမြှုပ်နှံမှု လျာထားအဆိုပြုချက်များနှင့် ပတ်သက်၍ ဖြည့်ဆွက် ဆွေးနွေးတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)