ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ရပ်ကွက်များသို့ လုပ်အားပေးကူညီဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ရပ်ကွက်များသို့ လုပ်အားပေးကူညီဆောင်ရွက်




MNP ၊ သြဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ( ၆-၈-၂၀၂၂ )ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်ကြီး (၁/၂/၆)အတွင်းသန့်ရှင်းရေးနှင့် ဂဲလောင်ချောင်း ရေစီးရေလာကောင်းမွန်ရေးသန့်ရှင်းရေးအတွက် စုပေါင်းလုပ်အားပေးမှူတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦးနှင့် ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များမှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)