အိမ်မဲမြို့နယ် အထက-ရွာသစ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် အထက-ရွာသစ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဩဂုတ်   ၆


နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ဩဂုတ်လ ၆ ရက် နံနက် ၁၁ နာရီက အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု အ.ထ.က-ရွာသစ်ကျောင်း ပညာရတနာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် အ.ထ.က-ရွာသစ်ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဌေးရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အကျင့်စာရိတ္တ ကောင်းမွန်ရေး၊  လူငယ်နှင့်စာဖတ်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့၍ ကျောင်းသားကျောင်းသူများ အားလုံးအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။


ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန   မြို့နယ်တာန်ခံ ဒေါ်အိအိမျိုးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar FitnessDanceအကဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာလိုက်ပါကစားခဲ့ကြ‌သည်။


အဆိုပါ ဟောပြောပွဲသို့‌ အ.ထ.က-ရွာသစ်‌ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား/သူ(၆၃၀)ဦးမှ စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဌေးဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)