MNP ၊ ဩဂုတ် ၇
ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့နယ်သစ်တော ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲ အချိန် မောင်တော - ဘူးသီးတောင် ကားလမ်းမ ဘေး ရှိ သစ်တော ဌာနပိုင် မြေနေရာတွင် စိုက်ပျိုး ခဲ့ကြသည် ။
ရှေးဦးစွာ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင် သစ်တောဦးစီမှူး ဦးပုန်ဇဂင့် နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများကို ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ နှင့် အဖွဲ့ဝင်များ ၊ ခရိုင် သစ်တော ဦးစီမှူး ဦးပုန်ဇဂင့် ၊မြို့နယ် သစ် တောဦးစီးမှူး ဦးမိုးမြှင့်ဇော် နှင့် ဝန်ထမ်းများ ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီး အိမ်တွင်းမှုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာမများ နှင့် သင် တန်းသူများ ၊ (၃)မိုင်ဘုန်းတော်ကြီး သင် ပညာ ရေးကျောင်းမှ ကျောင်းသား၊သူများ ၊ ကရုဏာကွန်ရက် လူမှုကူညီရေး အသင်းမှ အသင်းသားများ ၊ ပြည်သူများ စုစုပေါင်း အင်အား ၂၀၀ခန့်က သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များအား စနစ်တကျ တပျော်တစ်ပါး ပျိုးပင် များကို စိုက်ပျိုး ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုး နေ မှုကို လှည့်လည် ကြည့်ရှု အားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် ကျွန်း ၅၀ ၊ ပျဉ်းကတိုး ၅၀ ၊ မန်ဂျန်ရှား ၁၅၀ ၊ မဟော်ဂနီ ၂၀ ၊ရေသင်းဝင် ၃၀ စုစုပေါင်း ၃၀၀ ပင်အား သတ် မှတ်နေရာ အသီး သီး စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်း ကျင် စိမ်းလန်း စိုပြေရေး ၊ ရာသီဉတု ကောင်းမွန်မျှစေရေး ၊ အရိပ်အာဝါသ နှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး ၊ သစ်တော သစ်ပင် တန်ဖိုး များကို အများ ပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment