စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးနှင့် လက်ထောက်ဆရာဝန် လစ်လပ်လျက်ရှိသည်မှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ယနေ့အချိန်အထိ ဖြစ်ပါသည်။ အရေးအခင်းကာလတွင် မြို့နယ် ဆရာဝန်မကြီး ဒေါ်ဝေမာနွယ်သည် CDM မလုပ်သောကြောင့် ၎င်းအား လူမှုကွန်ရက်စာမျက်နှာတွင် အမျိုးမျိုး ပုတ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။ ဒေါက်တာဒေါ်ဝေမာနွယ်သည် CDM မလုပ်သည့် ဝန်ထမ်းများနှင့်အတူ စေတနာထား၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သောကြောင့် အနီးဝန်းကျင်မှ မြို့နယ်များကပင် ကနီပြည်သူ့ဆေးရုံသို့ လာရောက်ဆေးဝါးကုမှု ခံယူခဲ့ကြရပါသည်။
သို့သော်လည်း မြို့နယ်ဆရာဝန်မကြီးသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်သို့ ပြောင်းရွှေ့သွားချိန်မှစ၍ ကနီပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန်ပါ မရှိတော့ပါ။ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ရပါသည်။
ကနီမြို့သည် ကုန်းမိုင် (၃၀)သာ ဝေးသည့် အချက်အချာကျသော မုံရွာမြို့နှင့် အဓိက ဆက်သွယ်သွားလာနေရသော်လည်း ယခုကာလအတွင်း၌ KPDF များမှ လက်ရှိအစိုးရ၏ ထောက်တိုင်များဟု လူမှုကွန်ရက်စာမျက်နှာတွင် နာမည်စာရင်းများနှင့် ဖော်ပြခံခဲ့ရသည့် ၁၄၀ဦးကျော်နှင့် Non-CDM ဝန်ထမ်းများသည် မည်သည့်ကိစ္စနှင့်မျှ မုံရွာသို့ သွားလာ၍ မရကြပါ။ ကနီ-ချောင်းမ-မုံရွာ လမ်းတွင် PDF စစ်ဆေးရေးဂိတ်များ ၁၀ ခုကျော် ရှိနေခြင်းကြောင့် သွားလာ၍ မရခြင်း ဖြစ်ပါသည်။
ထိုသို့သော အခြေအနေများကြောင့် ပြည်သူများ၏ ကျန်းမာရေး အထူးလိုအပ်ချက်အရ လိုအပ်နေသော ဆရာဝန်များအား အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
တာဝန်သိပြည်သူတစ်ဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment