မြိုင်မြို့နယ် တွင်းမကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား KIA, PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ် တွင်းမကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား KIA, PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်ပစ်ခတ်


MNP ၊ သြဂုတ် ၆

ယနေ့ နံနက်ပိုင်းက မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား KIA, PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဒေသခံက "ပြည်သူ့စစ်နဲ့ တပ်မတော်သားတွေ ရှိတယ်။ ပြည်သူ့စစ်အင်အားက ၆၀ လောက်ရှိပေမယ့် လက်နက်က ၃၀ လောက်ပဲ ရှိတာ။ KIA, PDF က အင်အား ၂၀၀ လောက်နဲ့ လာပစ်တော့ ၄ဦး ကျဆုံးတယ်။ ဟိုဘက်က အကျအဆုံးကိုတော့ မသိရပါဘူး။" ဟု ပြောသည်။

အဆိုပါဒေသခံက "လိုအပ်ချက်တွေ ရှိတယ်ဗျ။ အကြမ်းဖက်ဘေးရှောင်နေရတဲ့ သူတွေ စားရေးသောက်ရေး အခက်အခဲ ဖြစ်နေတာတွေကိုလည်း တင်ပြပြီး ကူညီပေးဖို့ လိုတယ်။" ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အောက်ခြေသတင်းများ ထိန်ချန်မှုရှိနေပြီး လုံခြုံရေးနှင့် စီမံအုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ သတင်းမှန် ထုတ်ပြန်မှု အားနည်းနေသည့်အပေါ် ဒေသခံများအနေဖြင့် အကြမ်းဖက်ဘေးအန္တရာယ်ကို စိုးရိမ်ကြောင့်ကြနေရပြီး အကြမ်းဖက်ဘေးရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)