မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ ဩဂုတ် ၆

မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) မိုင်ရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းနှင့် ပတ်သက်၍ မျိုးဆက်သစ်လူငယ်များ၊ ဖတ်ရှုလေ့လာပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြုစုနေခြင်းဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သည့်အခါ၊ ဖွံ့ဖြိုးပြီးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အခါ၊ စက်မှု ကဏ္ဍနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ်များ လေ့လာသည့်အခါတို့တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် အခြေခံများ၊ နည်းပညာများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များပါဝင်သော ကျောထောက်နောက်ခံပြုနိုင်မည့် သိပ္ပံ၊ အင်ဂျင်နီယာနင့် နည်းပညာဆိုင်ရာ စာတမ်းကြီးတစ်ခုဖြစ်အောင် အားလုံးကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းအား အချက်အလက် မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ထုတ်ဝေနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် မှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်းတွင် ပါဝင်သင့်သည့်အချက်များ၊ ကဏ္ဍများကို ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း အရာထမ်းများကို မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းရှိ လျှပ်စစ်ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် အရာထမ်းအင်ဂျင်နီယာ ဝန်ထမ်းများအား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် ဖြေဆိုရမည့် Fundamental Engineering (FE) စာမေးပွဲနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်များအား Power Point ဖြင့် ရှင်းလင်းပို့ချသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၈) တွင် သင်တန်းသူ စံပြထူးချွန်ဆုနှင့် သင်တန်းသူ စာပေထူးချွန်ဆုရ အရာထမ်း (၂) ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းငယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)