ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP - ဩဂုတ်   ၁၂


ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မီဒီယာနှင့်သတင်းအချက်အလက် ဆိုင်ရာသိနားလည်မှု အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၃၁)မူးယစ်တပ်ဖွဲ့စုမှူးဘားအံမှ ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ အရေးယူခံရနိုင်သည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ အမှတ်(၇၀) ယာဉ်ထိန်းတပ်ဖွဲ့ (ဘားအံ)မှ ဒုရဲမှူး မျိုးကျော်ညွန့်က ယာဉ်အမျိုးအစားများအကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်များ ဖြစ်ပွားရ သည့်အကြောင်းအရင်းများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေဖြင့် အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ ကျောင်းသား/ကျောင်း သူ လူငယ်များအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းဖြင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့ သည်။


ဆက်လက်၍ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင့်ဆွေက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေများအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက သတင်းအမှားသတင်းအမှန် ခွဲခြားနိုင်ရေးနှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နည်းပညာတက္ကသိုလ်(ဘားအံ)မှ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)