အမ်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများအားကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများအားကြည့်ရှုအားပေး



MNP ၊ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ လမ်း ညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/၆)များကို Software  Program  ရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း  (ပုံစံ  -၆၆/၆) များကို Software Program ရေးသွင်းဆောင်ရွက်နေမှု အခြေအနေအားခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ၊ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်ဦးစီးမှူးတို့ကသတ်မှတ်ရက်အတွင်း ပြီးစီးရေး၊စာရင်းဇယား မှန်ကန်စေရေး၊ စာ ရင်းထပ်ကျန် မရှိစေရေး၊ စနစ်တကျ လုပ်ကိုင်ဆောင် ရွက်ရေးတို့ကို လူအင်အားစက်အင်အားဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းများအား သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ရေးသွင်းဆောင်ရွက်နေမှုအခြေအနေများအားရှင်လင်းပြော ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံပေးခဲ့ရာ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမ်းခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် နှင့် မြို့နယ်ဦးစီးမှူးတို့က လက် ခံရယူခဲ့ကြကြောင်း သိရှိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)