နမ္မတူမြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - ဩဂုတ်   ၂၇


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ တားဆီးကာကွယ်ရန် နည်းလမ်းများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။


အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှ (Grade-8) နှင့် (Grade-9) ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပညာရေးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)