မုဒုံမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

 



MNP - သြဂုတ်  ၂၇


အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင်  ဖွင့်လှစ်ခဲ့သည့်  တန်ဖိုးမြှင့်စားသောက်ကုန်  ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့  မွန်းလွဲပိုင်းက  သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မြတ်ဇာခြည်ကျော်က ကျေးလက်နေပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ၊ ဒေသတွင်းထွက်ရှိသော သီးနှံများကို  အခြေခံ၍  တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းများအား  အာဟာရပြည့်ဝစွာ စားသုံးလာနိုင်စေရန် ၊  ဘေးအန္တရာယ်ကင်းရှင်းပြီး   ကျန်မားရေနှင့်  ညီညွတ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ၊ တားမြစ်အရောင်ဆိုးဆေးများ၊ တာရှည် ခံဓာတုဆေးဝါးများအကြောင်းကို  စနစ်တကျသိရှိကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် GHP နည်းစနစ်များမှန်ကန်စွာ လုပ်ကိုင် တက်စေပြီး  သင်ယူတက်မြောက်သည့် နည်းပညာများဖြင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် လုပ်ငန်းများကို ထူထောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းသူများအား လက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့သည်။


အဆိုပါ  သင်တန်းကို  နည်းပြနှစ်ဦးမှ  တာရှည်ခံဓာတုဆေးဝါးများ  အသုံးပြုခြင်းနှင့် အစားအစာများ  ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ် ချက်များအကြောင်း၊ ဇီးသီး၊ မကျည်သီး၊ ရှောက်ပျားရည်ဖျော်ရည်၊ ခရမ်းချည်သီးဆော့စ်၊ သရက်ယို၊ သင်္ဘောသီးယို(ချဉ်စပ်)၊ ရှောက်ယို၊ ကျွဲကောယို ၊ ဂျယ်လီ၊ ကိတ်မုန့်ပြုလုပ်နည်းများနှင့်  GHP နည်းစနစ်များကို (၅) ရက်ကြာ သင်တန်းသား ၁၅  ဦးအား စာတွေ့လက်တွေ့သင်ကြား ပေးခဲ့ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)