မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ



MNP - သြဂုတ်   ၂၈


မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အသိပညာပေးကဏ္ဍကို အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း “1111” Public Feedback Programme အစီ အစဉ်အရ ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် လူစည်ကားရာနေရာတို့၌ လက်ကမ်းစာ စောင်များကို ဖြန့်ဝေသည်။


အဆိုပါ  လက်ကမ်းစာစောင်တွင်  နိုင်ငံတကာအဖွဲ့အစည်းများ၏  အဂတိလိုက်စားမှုများနှင့် စပ်လျဉ်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ကောက်နုတ်ချက်များ၊ အဂတိတရား (၄) ပါး၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၊ သက်ရောက်မှုများ၊ အမျိုးအစားများ၊ နစ်နာမှုများ၊ အဂတိလိုက်စားမှုပုံစံများ စသည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ရုံးခွဲများ၏ လိပ်စာများပါရှိသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်စုံစမ်းစစ်ဆေးခြင်း ကဏ္ဍမှ ၂၀၂၁ ခုနှစ် အတွင်း တိုင်ကြားစာ ၁၃၃၄ စောင် ၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၉၉ စောင် စုစုပေါင်းတိုင်ကြားစာ ၁၆၃၃ စောင်ကို လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)