MNP ၊ ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် ခရိုင်အတွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခဲ့သည်။
အဆိုပါ ဝန်ထမ်းမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မြတ်စွာဘုရားအမှူးပြုသော ပြည်မြို့ "အမတဒါယိကျောင်းတိုက်"မှ ဆရာတော်၊သံဃာတော်အရှင်သူမြတ်သုံးပါးတို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်အရှင်သူမြတ်တို့က မေတ္တသုတ်နှင့်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့ထံမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းမိသားစုများက ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းလျာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် ဧည့်ပရိတ်သတ်များအား စတုဒီသာမုန့်ဟင်းခါး နှင့် စားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံခြင်း စသည့်ကုသိုလ်ကောင်းမှုတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment