MNP - ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ ကြီးမှူး၍ ကျောင်းသား/သူ များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး အလယ်တန်းအဆင့် စိတ်ကြိုက် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာနခန်းမတွင် ကျင်းပပါသည်။
အဆိုပါ စိတ်ကြိုက်ပုံပြောပြိုင်ပွဲတွင် မိုင်းရယ်မြို့ပေါ်မှ အထက(မိုင်းရယ်)၊ အလက(မိုင်းရယ်)၊ မူလွန်(တပ်တွင်း) ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၇)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ပထမဆုရရှိ အထက(မိုင်းရယ်)မှ မဆောင်းဝတ်ရည်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် အလက(မိုင်းရယ်)မှ မအိလဲ့လဲ့ကျော်နှင့်အဖွဲ့အား မြို့နယ်သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ချမ်းကိုကလည်းကောင်း၊ တတိယဆုရရှိသည့် မူလွန် (တပ်တွင်း)မှ မအေးမြစန်းအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးအနေဖြင့် ကျောင်းသား/သူ များ အသိပညာဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်သုံးစွဲမှု မြင့်မားလာစေရေးနှင့် စာဖတ်ရှိန် မြင့်မားရေးတို့အတွက် လစဉ် ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment