ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

 



MNP - ဩဂုတ်   ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာစန်းလှိုင်တို့က အာဟာရဓာတ်ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် ကျန်းမာရေးအတွက် လိုအပ်သောဩဇာဓာတ်ပင်ဖြစ်ကြောင်း၊  ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါဘယကာကွယ်ရေးအတွက် လိုအပ်သည့်အာဟာရကို အစားအစာများ စားသုံးရာမှ ရရှိခြင်းဖြစ်ကြောင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရရရှိရန် အစားအစာကို ဝဝလင်လင်လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့်အစာမှ အာဟာရလုံလောက်စွာ မရရှိလျှင်ဖြစ်စေ အာဟာရချို့တဲ့မှုဖြစ်ပေါ်လာကြောင်း၊  အာဟာရဓာတ်စုံလင်အောင် ချက်ပြုတ်စားသောက်တတ်သည့် ဗဟုသုတနည်းပါးမှုကြောင့်လည်း အာဟာရချို့တဲ့နိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားမိခင်ကျန်းမာရေးစောင့်ရှောက်မှုတွင် မိခင်များအာဟာရပြည့်ဝရေးမှာ အထူးအရေးပါကြောင်း၊ ကလေးငယ်များကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန်အတွက် မိခင်များကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားပြီး နို့တိုက်မိခင်ကာလတို့မှာပါ အာဟာရပြည့်ဝရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ စန်းလှိုင်နှင့် တာဝန်ရှိသူများက ငါးနှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက်  အာဟာရဖြည့်စွက်စာနှင့် ကျန်းမာရေးအထောက် အကူပစ္စည်းများပေးအပ်ခဲ့ပြီး ကလေးငယ်များအား ဗီတာမင်အေဆေးလုံး တိုက်ကျွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)