ကျိုင်းတုံမြို့၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ



MNP ၊ ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က အမှာစကားပြောကြားပြီး   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင် က ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းလို့ မရနိုင်သည့်အတွက် ငလျင်ဘေးဖြစ်ပွားချိန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သတ်၍ လုပ်ငန်းစဉ် အားလုံးကို တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသေးစိတ်သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့်  ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး  ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တိုင်းနေလူမှုရေးအသင်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)