ဟိုပန်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဩဂုတ်   ၁၉


ပလတ်စတစ်သုံးစွဲမှုသည် ရေမြေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်များကို ပျက်စီးယို ယွင်းအောင် ခြိမ်းခြောက်လျက်ရှိသောကြောင့် အများပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြု လုပ်ခဲ့သည်။


ရှေးဦးစွာ ဟိုပန်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က  “ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် ဟိုပန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦးက “စွန့်ပစ်ပစ္စည်းအမျိုးအစားနှင့် အကျိုးသက်ရောက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟိုပန်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာပြည့်ကိုကိုက ပလတ်စတစ်သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို လည်းကောင်း စသည့်အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။


အသိပညာပေးဟောပြောပွဲ  အခမ်းအနားသို့ ဟိုပန်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ အများပြည်သူ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)