ဆိပ်ဖြူမြို့နယ်တွင် တရားမဝင် ဓာတ်သတ္ထုများ တူးဖော်ခြင်းမရှိစေရေး ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် တရားမဝင် ဓာတ်သတ္ထုများ တူးဖော်ခြင်းမရှိစေရေး ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်



MNP - ဩဂုတ်   ၁၂


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်း၌ တရားမဝင် ဓာတ်သတ္ထုများ တူးဖော်ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။


ဆိပ်ဖြူမြို့နယ်အတွင်း တရားမဝင် ဓာတ်သတ္ထုတူးဖော်ခြင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် သဘာဝပေါက်ပင်များ ပျက်စီးပြီး ဂေဟစနစ်များ ထိခိုက်ပျက်စီးခြင်း မဖြစ်ပေါ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဆိပ်ဖြူမြို့နယ်အတွင်း၌ ဓာတ်သတ္ထု (မြေနီကျောက်စရစ်)များ တရားမဝင် တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဒေသခံပြည်သူများအနေဖြင့် တရားမဝင် ဓာတ်သတ္ထုတူးဖော်ခြင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများ ပူးပေါင်း ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန် ဒေသခံပြည်သူများအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - စိုးလင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)