မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်




MNP - ဩဂုတ်   ၁၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၂)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ(၁၈) ဦးအား ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီက ကျောင်းဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ပစ္စည်းများကို မိုင်းဆတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့်အဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျောင်းသား/သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံစီဖြင့် (၁၈)ဦးအတွက် (၁၈)စုံ၊ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဖြည့်သစ်သီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့အပြင် အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန္တာထွန်းအား ကျောင်းဝတ်စုံနှင့် ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)