အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲ ပြုလုပ်



MNP - ဩဂုတ်   ၇


မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ယမန်နေ့မွန်လွဲ(၂)နာရီက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီးအောင်မင်းစိန်က မြန်မာနိုင်ငံ တွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေများ အကြောင်းနှင့် မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက် လာပုံများနှင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် လူ့ဘဝအညွှန့်တုံးရုံမျှမက အသက်ဆုံးရှုံး ရသည်အထိ ကောင်းကျိုးမရှိသည့် မူးယစ်ဆေးဝါးများ မသုံးစွဲမိကြစေရေး၊ မူးယစ်ဆေးသုံးစွဲသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း၊ အရေးယူ ခံရနိုင်သည့် ဥပဒေများအကြာင်း အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်ပြီး ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူက ယာဉ် အမျိုးစားများအကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်စဉ်များ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လမ်းစည်းကမ်းဥပဒေများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသည့် ပြည်သူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များလိုက်နာမှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးမှာ ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)