MNP - ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံသားအားလုံးတို့၏ စားနပ်ရိက္ခာလိုအပ်ချက်ဖူလုံရေးနှင့် အာဟာရပြည့်ဝရေး တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ တောင်သူလယ်သမားများအား ထုတ်ချေးရခြင်းဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအညီ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ကြူကြူအေးထံမှ သိရသည်။
ပုလောမြို့နယ်၌ တောင်သူ ၁၃၀၀ ဦး မိုးစပါးစိုက်ဧက ၈၄၆၉ ဧကရှိပြီး တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၂၇၀.၃၅ သန်းကို စက်တင်ဘာလအကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ယနေ့အထိ ၇၅.၆၄ % ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သတင်း - အေးအေးမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment