ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်းပေါင်း (၇၁၉)သိန်းကျော်ရရှိခဲ့ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်းပေါင်း (၇၁၉)သိန်းကျော်ရရှိခဲ့ပြီ



MNP - ဩဂုတ်   ၂၂


ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ်တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့ သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာ စေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်း တော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတု ဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ် ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ယခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက်(၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော် မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းထည့်ဝင်လှူဒါန်းမှုမှာမှာ ယခုအချိန်တွင် ကျပ်သိန်းပေါင်း (၇၁၉)သိန်းကျော် ရရှိခဲ့ပြီဖြစ် သည်။


စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် ကုသိုလ်တော်ပြု လှူဒါန်းမှုများကို စေတီတော် မြတ်ကြီး တည်ထားကိုးကွယ်ထားသည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော် ဝန်းအတွင်းတွင် ဇွန်(၂၃)ရက်‌ နေ့၌ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအား ကျင်းပခဲ့ပြီး အလှူတော်ငွေ(၅၀၅)သိန်းရရှိခဲ့ရာ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲအဖြစ် ဩဂုတ်(၂၁)ရက်နေ့၌ ကျင်းပပြီး လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၂၁၄)သိန်းကျော် ရရှိခဲ့သဖြင့် ယခုအချိန်တွင် စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း (၇၁၉) သိန်းကျော် ရရှိခဲ့ပြီဖြစ်သည်။


တာဝတိံသာစေတီတော်ကြီး ပြန်လည်တည်ထားရန်အတွက် လိုအပ်သည့် ကုန်ကျမှုမှာ သိန်းပေါင်း (၅၀၀၀)ခန့် ရှိကြောင်း တည်ဆောက်ရေး ကော်မတီထံမှ သိရပြီး စေတီတော် ဟောင်းအား ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းအား လာမည့်ပွင့်လင်းရာသီကာလ၌ စတင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)