နတ်မောက်မြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက် စနစ်တကျ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက် စနစ်တကျ ထုတ်ပေး



MNP - ဩဂုတ်   ၂၂


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ရပ်ကွက်၊ ကျေးရွာများရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၇)နာရီမှ စတင်၍  နေ့အလိုက် ထုတ်ပေးလျက်ရှိသည်။


ထိုသို့ ထုတ်ပေးရာတွင် အုပ်စု(၁)မှ မြို့မရပ်ကွက်၊ ဈေးရပ်ကွက်၊ သားမျှားကျေးရွာ၊ ကုလားရှင်ကျေးရွာ၊ ဈေးသာကျေးရွာ၊ သမှုန်းကုန်းကြီးကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ဂွေးတောက်ကုန်းကျေးရွာ၊ ဆုံကုန်းကြီးကျေးရွာ၊ နဘူးကွဲကျေးရွာ၊ သစ်လှကျင်းကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ လဲဘူးကျေးရွာတို့အား ထုတ်ပေးလျက်ရှိပြီး ကျန်ရှိအုပ်စုများအား (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ မိမိတို့အုပ်စုအလိုက် ထုတ်ယူရမည့်  နေ့ရက်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါသတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား စက်တင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်လစာများကို ထုတ်ပေးသွားမည်ဖြစ်ပြီး နတ်မောက်မြို့နယ်တွင် မြန်မာ့စီးပွားဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀)ဦးခန့်ရှိကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)