မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာ


MNP - သြဂုတ်   ၂၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၀၀)ဦး၊ အမျိုးသမီး(၉၇)ဦး၊ စုစုပေါင်းအလုပ်သများ(၁၉၇)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။


အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီတစ်ခုဖြစ်သည့် Hnin Oo Wai Co,Ltd မှ ထိုင်းနိုင်ငံရှိ Goldenline Business Co,Ltd သို့ (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်ကုမ္မဏီသို့ စနစ်တကျပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)