MNP - သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ ဆန်ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒေသကော်မတီ (၅) ဖျာပုံခရိုင်နှင့် ကျိုက်လတ်မြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ ပူးပေါင်း၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် အဖွဲ့သည် အချွန်ဆန် တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၈) နာရီမှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့ဆန်များအား သက်သာသောနှုန်းထားဖြင့် လူ(၁)ဦးလျှင် ဆန်(၁)ပြည်နှုန်းဖြင့် ယနေ့တွင် ဆန်အိတ်(၃၀) ကို စတင်ရောင်းချပေးခဲ့ပြီး မိဘပြည်သူများ၏ လက်ဝယ်သို့အရောက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment