ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

 



MNP - ဩဂုတ်   ၂၂


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ်နှင့် (၁၅)နှစ်အတွင်းရှိ  ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် စုရပ်နေရာများတွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အသက်(၅)နှစ်နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကလေးသူငယ်များကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံ နေမှုများအား  ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။


မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ်နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကလေး သူငယ် ၇၀ ဦး အား ဆက်လက် ထိုးနှံပေးခဲ့ပြီး  ဩဂုတ် ၂၁ ရက်နေ့ထိ အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်  ၁၅၉၉ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)