မင်းပြားမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် သတိပေးခြင်းများအား ပြည်သူများလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းပြားမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် သတိပေးခြင်းများအား ပြည်သူများလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်

 


MNP - ဩဂုတ်   ၁၉


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့်  မုန်တိုင်း အန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် သတိပေးခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို  မီးသတ်ဦးစီးဌာနက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အတွင်းရှိ အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်လျက်ရှိပြီး လေပွေလှိုင်းသည် ပိုမိုအားကောင်းလာ၍ နောက်(၂၄)နာရီ အတွင်းဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိကာ ဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင် လေဖီအားနည်းရပ်ဝန်း(Low Pressure Area)ရောက်ရှိလာနိုင်သည်ဟု ခန်းမှန်းရပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ရောက်ရှိပြီး လှိုင်းကြီးနိုင်ပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုကို  ကြိုတင် ပြင်ဆင်သတိပေးနေထိုင်ကြရန်နှင့် ကမ်းနီး၊ ကမ်းဝေး၊ ငါးဖမ်းလှေများ မြစ်ချောင်မြစ်ငယ်များအတွင်းသို့ ထွက်ခွာခြင်းမပြုစေရေးစသည့်တိုကို အသိပေးလိုက်လံနှိုးဆော်ခဲ့ကြပြီး  မုန်တိုင်းအန္တရာယ်အတွက် ပစ္စည်းများ ကြိုတင်ပြင်ဆင်  ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)