MNP - ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းအုပ်စု အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့နံနက် ၈နာရီအချိန်က ဝေမျှခြင်း ပရဟိတ (ရန်ကုန်)မှ သောက်သုံးရေသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်)မှ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေလို အပ်နေသော အခြေခံပညာမူလတန်းကျောင်း ၅ ကျောင်းမှလည်း သောက်သုံးရေလှူဒါန်းဖို့ ဆက်သွယ်ထားပြီး ဝေမျှခြင်းပရဟိတမိသားစုမှ အမြဲလှူဒါန်းပေးမည်ဖြစ်ကြောင်း ဦးဝင်းမင်းထွန်း(အေး မေတ္တာသောက်ရေ အလှူတော်)မှ ပြောကြား၍ သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment