MNP - သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အာဟာရဖွံ့ ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်ကဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးက မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ အကြောင်းဆွေးနွေးပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအား၊ ဖျာပုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဝင်များမှတစ်ဦးလျှင် အာဟာရဖြည့်စွက်ပစ္စည်းများဖြစ်သော နို့ရည်၊ ပဲဇံ၊ ကြက်ဥ၊ အာဟာရဘီစကစ်၊ ကိတ်မုန့်၊ Vitamask ၊ ကိုယ်ဝန်ဆောင်အားဆေးနှင့် Vitamin. (A)မျက်စိအားဆေးတို့အား၊ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment