MNP - သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရှင်ယွန်းစံခန်းမတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း တိုးတက်ရေး နည်းပညာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပါးအထွက်နှုန်း တိုးတက်ရေးအတွက် သင်တန်းပို့ချချက်များကို ဂရုစိုက် မှတ်သားကြရန်၊ တောင်သူများအနေဖြင့် စပါးသီးနှံအပြင်နေကြာ၊ ဝါ၊ ပဲတီစိမ်းစသည့် အခြားသီးနှံများပါ စိုက်ပျိုးသင့်ကြောင်းပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းတက်ရောက်လာသည့်တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြများဖြစ်သည့် တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်၊ မြေအသုံးချရေး တာဝန်ခံဒေါ်ခင်ထွေးဝင်းတို့က စပါးအထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ဧက (၁၀၀)စံပြကွက်များဆောင်ရွက်ရမည့် အစီအမံများ၊ သဘာဝ ပိုးသတ်ဆေးရည် ဖော်စပ်ပြုလုပ် သုံးစွဲနည်းများ၊နေကြာဖျက်ပိုး ဘက်စုံကာကွယ် နှိမ်နင်းနည်းများ စသည်တို့ကို ဆွေးနွေးပို့ချပေးသွားမည်ကြောင်း သိရပြီး သင်တန်းတွင် တောင်သူ ၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment