သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသင်း စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသင်း စာဖတ်ဝိုင်းကျင်းပ



MNP - ဩဂုတ်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာကြီး ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြသည်။


စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) အဖွဲ့ဝင် ဦးကျော်ဇင်ထက်မှ ဆရေးဆရာကြီး ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ပါ အကြောင်း အရာများကို ဦးဆောင်ဖတ်ကြားဆွေးနွေးပြီး တတ်ရောက်လာကြသော စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ ဦးထက်ဝေအောင်၊ ဦးဝင်းထွန်း၊ ဦးအေးမင်းထက်နှင့် လူငယ်အသင်းအဖွဲ့ဝင် (၇)ဦးတို့က ဖတ်ကြား ဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေးကြခြင်းဖြင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။


သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေးဆွေးနွေးပွဲ များကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့ အကျင့်အားကောင်းလာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)